×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
(Sugure Apple)သြဇာသီးစားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
December 12, 2019 | by Your Fitster Team

(Sugure Apple)သြဇာသီးစားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ

ချိုမြိန်ပြီးအရသာရှိတဲ့ သြဇာသီးများကို သဘာဝအားဖြင့် အိန္ဒိယအနောက်ပိုင်း၊ တောင်အမေရိကနှင့် အာရှနိုင်ငံအများအပြားတွင် တွေ.ရှိရပါသည်။ အခြားအသီးများနှင့် မတူသည့် အသီးပုံစံဖြစ်သည့်အပြင် ချိုမြိန်ပြီး အရသာရှိသောကြောင့် သြဇာသီးကို မကြိုက်သည့်လူ နည်းပါးပါးသည်။ အတွင်းရှိအဖြူရောင်အသားကို ဒီတိုင်းစားနိုင်ပြီး နက်မှောင်သော အစေ့သေးသေးများရှိသည့် သြဇာသီးကို Smoothies လုပ်ပြီး သောက်လျှင်လည်း အဆင်ပြေပါသည်။ မြန်မာအခေါ် သြဇာသီးကို အခြားနိုင်ငံများတွင် custard apples လို့လဲ ခေါ်ဝေါ်ကြပါသည်။ သြဇာသီးစားခြင်းဖြင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

၁။ဆံပင်နှင့် အသားအရေအတွက်
သြဇာသီးမှာ ပါဝင်တဲ့ ဗီတာမင်-A သည် ဆံနွယ်များကို တောက်ပြောင်စေပြီး အသားအရေကို နုပျိုစေပါသည်။ အရေပြားမှာ အနာဖြစ်တဲ့အခါ သြဇာသီးအတွင်းသားအဖြူဖြင့် အုပ်ပေးခြင်းဖြင့် အနာကျက်မြန်စေပါသည်။

၂။မျက်လုံးအတွက်
ဗီတာမင်နှင့် အာဟာရဓာတ်ကြွယ်ဝသည့် သြဇာသီးသည် မျက်လုံးကျန်းမာရေးအတွက်လည်း အထောက်အကူပေးပါသည်။ retina လို့ခေါ်တဲ့ မျက်လုံးတစ်ရှုးမျှင်နှင့် cornea လို့ခေါ်တဲ့ မျက်လုံးအိမ်ကိုကာကွယ်ပေးတဲ့ အဖြူရောင်မျက်ကြည်လွှာတို့ရဲ့ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။

၃။ ဝိတ်တက်ချင်တဲ့သူတွေအတွက်
လူတိုင်းက ဝိတ်ထိန်းချင် ကျချင်နေတာတော့ မဟုတ်ပါဘူး။ ဝိတ်တက်ချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် သြဇာသီးကို ပုံမှန်စားပေးရင် အလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ ဈေးမှာရနိုင်တဲ့ အခြားအချိုအ စားအစာတွေနဲ့မတူ (သကြားကိုထည့်ထားခြင်းမျိုးမဟုတ်)ပဲ သဘာဝအတိုင်းအာဟာရဖြစ်သည့် အချိုဖြစ်သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကယ်လိုရီတက်စေပါသည်။

၄။ပန်းနာရောဂါသည်များအတွက်
သြဇာသီးတွင် ဗီတာမင်-B6 ပါဝင်သည့်အတွက် လေပြွန်ယောင်ရမ်းခြင်းမှ ကာကွယ်ပေးနိုင်ပြီး ပုံမှန်စာသုံးပေးပါက ပန်းနာရောဂါကိုပင် သက်သာပျောက်ကင်းစေပါသည်။

၅။နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးခြင်း
သြဇာသီးတွင် ပါဝင်သည့် မက်ဂနီဆီယမ်ဓာတ်သည် ပုံမှန်ထက်အလုပ်လုပ်နေသည့် နှလုံးကြွက်သားများအား ဖြေလျော့ပေးနိုင်သည့် အစွမ်းသတ္တိလည်း ရှိသဖြင့် နှလုံးနှင့်ပတ်သက်သည့်ရောဂါများဖြစ်နိုင်ချေမှ ကာကွယ်ပေးပါသည်။

၆။သွေးလည်ပတ်မှုအားကောင်းစေသည်
နှလုံးနှင့် သွေးကြောအတွက် နောက်ထပ်ကောင်းမွန်တဲ့ ဓာတ်တစ်ခုကတော့ ပိုတက်ဆီယမ်ပဲဖြစ်ပါတယ်။ ပိုတက်ဆီယမ်သည် သွေးကြောနံရံများကို ထိန်းညှိပေးနိုင်သဖြင့် သွေးဖိအားကောင်းစေသည်။ သွေးဖိအား ပုံမှန်ဖြစ်ခြင်းကြောင့် နှလုံး၏လုပ်ဆောင်ချက်များကိုပါ ပုံမှန်ဖြစ်စေပါသည်။

၇။ကိုလက်စတောကျစေတယ်
သြဇာသီးစားခြင်းကြောင့် ကိုလက်စတောကျစေတဲ့ အကြောင်းပြချက် ၂မျိုးရှိပါတယ်။ ပထမအချက်က သြဇာသီးမှာပါဝင်တဲ့ niacin လို့ခေါ်တဲ့ ဗိတာမင်-B3 ဟာ ကိုယ်တွင်းရှိ ကိုလက်စတောကို ထိန်းညှိပေးနိုင်ပြီး ဒုတိယအချက်က ကိုယ်တွင်းရှိမကောင်းတဲ့ ကိုလက်စတောတွေကို သြဇာသီးမှာ ပါတဲ့ အမျှင်ဓာတ်ကဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

၈။ သွေးနီဥနည်းခြင်းမှ ကာကွယ်ပေးခြင်း
ဝိတ်ချနေစဉ်ကာလမှာ သံဓာတ်အားနည်းခြင်းက anemia လို့ခေါ်တဲ့ ကိုယ်တွင်း၌သွေးနီဥလေးတွေကို ရှိသင့်သလောက်မရှိအောင်တွန်းအားပေးသလိုဖြစ်စေပါသည်။ သွေးနီဥကို ပုံမှန်ထိန်းထားနိုင်စေဖို့ သြဇာသီးစားဖို့ အခွင့်အလမ်းကြုံတိုင်း စားပေးသင့်ပါတယ်။

၉။အားရှိစေတယ်
သြဇာသီးမှာပါဝင်တဲ့ thiamine လို့ခေါ်တဲ့ ဗီတာမင်-B1 ဟာစားသုံးလိုက်တဲ့အာဟာရဓာတ်ကို စွမ်းအားအဖြစ်ပြောင်းလဲပေးပါတယ်။ အားရှိဖို့လိုနေပြီလို့ထင်တာနဲ့ သြဇာသီးကို စားဖို့မမေ့ပါနဲ့။

၁၀။အရိုးကိုသန်မာစေတယ်
ကယ်လစီယမ်က အရိုးကိုသန်မာစေတယ်ဆိုတဲ့အချက်ကို (၂)ခါပြန်စဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မက်ဂနီဆီယမ်ဓာတ်ကလဲ osteoporosis လို့ခေါ်တဲ့ ( တစ်ရူးဆုံးရှုံးခြင်းကြာင့် အရိုးကြွပ်ခြင်း၊ အကြမ်းမခံခြင်း ဖြစ်တတ်တဲ့ ) အရိုးနဲ့ပါတ်သက်တဲ့ရောဂါမျိုးများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါဆို မက်ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံဆိုရင် အများကြီးမတွေးပါနဲ့..သြဇာသီးပဲပေါ့။ ဒီလိုကျန်းမာရေးအကျိုးကျေးဇူး များစွာ ရရှိနိုင်တဲ့ သြဇာသီးကို ရာသီချိန်ရောက်တိုင်း အခါအခွင့်သင့်တိုင်းစားသုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ