- ဆောင်းပါးများ
- Moisturizer သုံးဖို့ ဘာကြောင့်အရေးကြီးသလဲ
Moisturizer သုံးဖို့ ဘာကြောင့်အရေးကြီးသလဲ 
အမြဲလာလာမေးကြတယ်
မအားတာပဲဖြစ်ဖြစ် စိတ်မရှည်တာပဲဖြစ်ဖြစ် ဘာ skin care မှ မလုပ်ချင်ဘူး
skin လေးတော့ကောင်းချင်ပါတယ်ဆိုပြီး
အခုပဲ အဲ့မေးခွန်းလေးကိုဖြေပေးလိုက်ပြီနော်
Moisturizer သုံးဖို့ ဘာကြောင့်အရေးကြီးသလဲ
ခြောက်သွေ့သောအသားအရေ (dry skin) အဆီပြန်သောအသားအရေ (oily skin) ပေါင်းစပ်အသားအရေ (combination skin) မည်သည့် skin type မဆို အသားအရေကို ရေဓာတ်ထိန်းသိမ်းပေးနိုင်ဖို့
moisturizer
လိုအပ်ပါတယ်
မျက်နှာအသားအရေ အပြင်ဆုံးအလွှာဖြစ်တဲ့ skin ကို shield သဖွယ်ကာကွယ်ထားတဲ့ stratum corneum လို့ခေါ်တဲ့ အပြင်ဆုံးအလွှာက ခြောက်သွေ့ပျက်စီးလာလျှင် အပြင်က လေထု၊ ဖုန်မှုန့်တွေ၊ ပိုးမွှားတွေနဲ့ ထိတွေ့ပြီး skin problems တွေဖြစ်စေပါတယ်
ထိုပြဿနာတွေမဖြစ်ရအောင် ထို stratum corneum အလွှာကို moisturizer ကအစိုဓာတ်ဖြည့်ပေးပြီး အားဖြည့်ကူညီပေးပါတယ်
ထို့အပြင် moisturizer ကိုပုံမှန်သုံးပေးခြင်းဖြင့် skin healthy ဖြစ်လာပြီး skin problems တွေဖြစ်တဲ့ အသားအရေ sensitive ဖြစ်ခြင်း၊ နီမြန်းခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခြောက်သွေ့ယားယံခြင်း အစရှိတဲ့ပြဿနာတွေကို သက်သာစေပါတယ်
အဲ့ဒါကြောင့် ဘာမှ များများစားစားမလုပ်ချင်ပဲ skin ကောင်းချင်တဲ့ ကိုကိုတွေ မမတွေအတွက် မိမိအသားအရေနဲ့ ကိုက်ညီမဲ့ moisturizer လေးတစ်ခုကို အမြဲသုံးပေးကြဖို့ မမေ့နဲ့နော်
#Glow_your_skin_with_DrGlow
သက်ဆိုင်သော ဆောင်းပါးများ









































































































































