×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Moisturizer သုံးဖို့ ဘာကြောင့်အရေးကြီးသလဲ ⁉️

အမြဲလာလာမေးကြတယ် ‼️👩🏻‍⚕️

မအားတာပဲဖြစ်ဖြစ် စိတ်မရှည်တာပဲဖြစ်ဖြစ် ဘာ skin care မှ မလုပ်ချင်ဘူး 😫
skin လေးတော့ကောင်းချင်ပါတယ်ဆိုပြီး 😁
အခုပဲ အဲ့မေးခွန်းလေးကိုဖြေပေးလိုက်ပြီနော် ☺️❤️

Moisturizer သုံးဖို့ ဘာကြောင့်အရေးကြီးသလဲ ⁉️

🌸 ခြောက်သွေ့သောအသားအရေ (dry skin) အဆီပြန်သောအသားအရေ (oily skin) ပေါင်းစပ်အသားအရေ (combination skin) မည်သည့် skin type မဆို အသားအရေကို ရေဓာတ်ထိန်းသိမ်းပေးနိုင်ဖို့ ☘️ moisturizer ☘️ လိုအပ်ပါတယ်

🌸 မျက်နှာအသားအရေ အပြင်ဆုံးအလွှာဖြစ်တဲ့ skin ကို shield သဖွယ်ကာကွယ်ထားတဲ့ stratum corneum လို့ခေါ်တဲ့ အပြင်ဆုံးအလွှာက ခြောက်သွေ့ပျက်စီးလာလျှင် အပြင်က လေထု၊ ဖုန်မှုန့်တွေ၊ ပိုးမွှားတွေနဲ့ ထိတွေ့ပြီး skin problems တွေဖြစ်စေပါတယ်

🌸 ထိုပြဿနာတွေမဖြစ်ရအောင် ထို stratum corneum အလွှာကို moisturizer ကအစိုဓာတ်ဖြည့်ပေးပြီး အားဖြည့်ကူညီပေးပါတယ်

🌸 ထို့အပြင် moisturizer ကိုပုံမှန်သုံးပေးခြင်းဖြင့် skin healthy ဖြစ်လာပြီး skin problems တွေဖြစ်တဲ့ အသားအရေ sensitive ဖြစ်ခြင်း၊ နီမြန်းခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခြောက်သွေ့ယားယံခြင်း အစရှိတဲ့ပြဿနာတွေကို သက်သာစေပါတယ်

👉🏻👉🏻👉🏻 အဲ့ဒါကြောင့် ဘာမှ များများစားစားမလုပ်ချင်ပဲ skin ကောင်းချင်တဲ့ ကိုကိုတွေ မမတွေအတွက် မိမိအသားအရေနဲ့ ကိုက်ညီမဲ့ moisturizer လေးတစ်ခုကို အမြဲသုံးပေးကြဖို့ မမေ့နဲ့နော် 💆🏻‍♀️☺️

#Glow_your_skin_with_DrGlow ✨

သက်ဆိုင်သော ဆောင်းပါးများ

ပရိုမိုရှင်းတွေကို အချိန်မှီ ရယူကြပါစို့