×
ဤ App အား အခမဲ့ Download ရယူပါ။
×
အမည်းစက်တွေဖြစ်နေတဲ့ငှက်ပျောသီးကို စားသင့်သလား?
July 8, 2020 | by Your Fitness

ဂျပန်နိုင်ငံ၏ လေ့လာချက်စစ်တမ်းများအရ ငှက်ပျောသီးမှည့်ဟာ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။

အမည်းစက်တွေဖြစ်နေတဲ့ငှက်ပျောသီးကို စားသင့်သလား?
ငှက်ပျောသီးကို ကလေး၊ လူကြီး လူတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမယ့် စားသင့်တဲ့အချိန်မှာရောစားဖြစ်ရဲ့လား? ကိုယ်စားတဲ့အချိန်ဟာ အမှည့်လိုသေးတဲ့အချိန်နဲ့ အမှည့်လွန်နေတဲ့အချိန်ဖြစ်နေသလား?
(YourFitster မှတင်ဆက်သည်)
အမည်းစက်ဖြစ်နေတဲ့ငှက်ပျောသီးကို စားဖို့ အများစုက နောက်တွန့်တတ်ပါတယ်။ တကယ်တော့အစက်အပြောက်ဖြစ်နေတဲ့ ငှက်ပျောသီးကို စားခြင်းဟာ မမှည့်သေးတဲ့ (အစိမ်းရောင်မပျောက်သေးသော) အသီးကို စားခြင်းထက် ကျန်းမာရေးအကျိုးကျေးဇူး များစွာရရှိစေပါတယ်။
အမဲရောင်အစက်အပြောက်ဟာ ငှက်ပျောသီးတစ်ခုလုံး အညိုရောင်ပြောင်းမသွားခင်မှာ တွေ့နိုင်ပါတယ်။ငှက်ပျောသီးဟာပိုမှည့်လေ ကင်ဆာဖြစ်နိုင်ခြင်းကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို မှည့်တဲ့အချိန်မှ စားသုံးခြင်းဟာ
-လိုအပ်သောဗီတာမင် သတ္တုဓာတ်များရရှိစေခြင်း၊
-အစာခြေစနစ်အတွက်ကောင်းမွန်စွာအထောက်အကူပေးခြင်း၊
-စိတ်ခံစားမှုကောင်းမွန်စေခြင်း၊
-အရိုးသန်မာစေခြင်း၊
– သွေးဖိအားကောင်းမွန်စေခြင်း စသော ကောင်းကျိုးများကို ရရှိစေပါသည်။
မမှည့်တမှည့်မာနေသာအချိန် (အခွံစိမ်းသောအချိန်)တွင် စားသုံးပါက
-စားချင့်ပြန်ခြင်း(ရင်ပူခြင်း)၊
-လေပွခြင်း၊
-အစာမကြေခြင်းများဖြစ်တတ်ပါသည်။
ဂျပန်နိုင်ငံ၏ လေ့လာချက်စစ်တမ်းများအရ ငှက်ပျောသီးမှည့်ဟာ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ အစက်အပျောက်ဖြစ်နေတဲ့ငှက်ပျောသီးဟာ (TNF- Tumor Necrosis Factor)လို့ခေါ်တဲ့ ကင်ဆာတိုက်ဖျက်ပေးနိုင်သော အမြင့်ဆုံး အချိန်ကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။ (TNF- Tumor Necrosis Factor) ရဲ့လုပ်ဆာင်မှုက ခန္ဓာကိုယ်ခုခံအားအတွက်ကောင်းမွန်သော သွေးဖြူဥများဖွံ့ဖြိုးခြင်းအတွက် အားပေးပြီး မကောင်းသော ကင်ဆာဖြစ်စေသာ ဆဲလ်များကြီးထွားမှုအား လျော့ချပေးခြင်း ဖြစ်ပါတယ်။
ဒါဆို ငှက်ပျောသီးအခွံအညိုရောင်ပြောင်းသွားတဲ့အချိန်မှာကော စားဖို့သင့်တော်ရဲ့လား?
စားလို့တော့ ရပါတယ်။
တချို့ကတော့ smoothi လုပ်လိုက်တာတို့၊ ကြော်စားတာတို့ ပြုလုပ်ကြပါတယ်။ အညိုရောင်စပြောင်းတဲ့အချိန်မှာ စားသုံးခြင်းဖြင့် ပုံမှန်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူး အပြည့်အ၀မရနိုင်တော့ပါဘူး။အထူးသဖြင့် အမှည့်လွန်သွားပြီဆိုရင် မည်သည့်အသီးမဆို မစားသင့်တော့ပါဘူး။
သူငယ်ချင်းတွေအတွက် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….
❤ Sharing is Caring ❤
Your Fitster
ကျန်းမာရေး နှင့် အလှအပ
Web Portal & Mobile App
သက်ဆိုင်သော ဆောင်းပါးများ

သက်ဆိုင်သော ဆောင်းပါးများ
Gym ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ
တစ်ပတ်မှာ ဘယ်နှစ်ကြိမ် ခေါင်းလျှော်သင့်သလဲ?
အသက် (၄၀) အရွယ်မှာ (၁၀)နှစ်လောက်ပိုငယ်အောင် ဘယ်လိုနေထိုင်ရမလဲ?
ခြောက်သွေ.တဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပစေဖို့ အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်ကြမယ်
မိန်းခလေးတွေရဲ့ ဘယ်လိုဆံပင်အရောင်က ယောကျာၤးလေးတွေအတွက် ပိုပြီးစွဲဆောင်မှုရှိစေသလဲ?
မခေါ်ဘဲ ရောက်ရောက်လာတတ်တဲ့ ဝက်ခြံ