×
ဤ App အား အခမဲ့ Download ရယူပါ။
×
အိမ်မှာနေရင်း အသားအရေ ထိန်းသိမ်းကြမယ်
May 13, 2020 | by Your Fitness

အိမ်မှာနေရင်းအသားအရေထိန်းသိမ်းကြမယ်

Lockdown ကာလမှာ အိမ်မှာနေရင်း အိပ်လိုက်စားလိုက်နဲ့လုပ်နေပေမယ့် ၀ိတ်မတက်ဖို့အတွက် စနစ်တကျစားသုံးဖို့နဲ့ အသားအရေ ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်..Lockdown လည်းမြန်မြန်ပြီးချင်တယ်..အပြင်ပြန်ထွက်တဲ့အချိန်လှလည်းလှချင်တယ်လို့ စိတ်ကူးနေတဲ့ ချစ်တို့အတွက် အသားအရေထိန်းသိမ်းဖို့ လွယ်ကူတဲ့နည်းလေးတွေကို YourFitster Team မှ ၀ေမျှပေးလိုက်ပါတယ်….
ဘာတွေလုပ်ဖို့လိုအပ်သလဲ?

၁။မနက်ည(၂)ကြိမ်မျက်နှာကို ပြောင်စင်အောင်သစ်ပါ

ပူပြင်းတဲ့နွေရာသီကြောင့် ချွေးပေါက်ပိတ်နေတဲ့ အသားအရေမှာ ဘတ်တီးရီးယားတွေ အလွယ်တကူရှိနေနိုင်ပါတယ်..၀က်ခြံဖြစ်ခြင်းကနေ ကာကွယ်ဖို့ မျက်နှာသစ်ဆေးကောင်းကောင်းနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သေချာစွာပြောင်စင်အောင် မျက်နှာ သစ်ပေးဖို့လိုပါတယ်။

၂။ကောင်းကောင်းအိပ်ပါ

ဒီအချိန်မှာ ကိုးရီးယားဇာတ်လမ်းတွဲတွေကလည်း အရမ်းကောင်းတယ်နော်။ ဘုရင်ကြီးတွေ၊ ဗိုလ်ကြီးတွေ ခဏထား.. ဖောက်ပြန်တဲ့ဇာတ်လမ်းတွဲတွေ ခဏထား..ကြည့်လဲကြည့် ည်ဥ့လဲမနက်စေပဲ အလှတော့ မပျက်စေနဲ့နော်ချစ်တို့။တစ်ရက်မှာ (၇) နာရီကနေ (၉)နာရီအိပ်ချိန်ရှိမှ အိပ်ရေး၀ပြီး အသားအရေလှစေမှာပါ။ ခေါင်းအုံးနဲ့ ခေါင်းနဲ့မထိခင် နာရီ၀က်အလိုမှာတည်းက ဖုန်းပိတ်တာ၊ TV ပိတ်တာ တို့လုပ်သင့်ပါတယ်။ အိပ်ခါနီးအချိန်အထိ ဖုန်းကြည့် ရုပ်ရှင်ကြည့်လုပ်မယ့်အစား ရယ်မောပျော်ရွှင်စေတဲ့ စာအုပ် (သို့) ကာတွန်းဖတ်တာတို့.. သီချင်းအေးအေးလေးတွေ နားထောင်တာတို့ လုပ်သင့်ပါတယ်။

၃။ကိုယ့်၀န်းကျင်ကလေတွေသန့်ရဲ့လား

ခုချိန်မှာ လေထုညစ်ညမ်းမှုကတော့ အနည်းနဲ့အများ နေရာတိုင်းမှာ ရှိတတ်ပါတယ်..အထူးသဖြင့်ကိုယ့်၀န်းကျင်မှာ ဆေးလိပ်နံ့တို့.. အရမ်းပြင်းတဲ့ Air Fresher အနံ့တို့ မထားသင့်ပါဘူး။ အရေပြားယားယံတာမျိုးဖြစ်တတ်ပါတယ်။ အသားအရေမထိခိုက်ဖို့အတွက် Daytime Antioxidant Serum နဲ့ Antioxidant Skin Boostတို့ကိုသုံးပေးသင့်ပါတယ်။

၄။အသီးအနှံများများစားပါ

အသားအရေလှစေဖို့ Vitamin C များများပါတဲ့ အသီးအနှံစားပေးသင့်သလို ကျန်းမာရေးအတွက် Gree Tea လည်းသောက်သင့်ပါတယ်။ Blueberries, sweet potatoes, strawberries, and broccoli တို့ကိုလည်း နေ့တိုင်းတစ်ခုမဟုတ်တစ်ခု မပါမဖြစ်စားသုံးသင့်ပါတယ်။

၅။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Yoga ကျင့်ခြင်း၊ ပြေးခြင်း၊ Arobic ကစားခြင်းတို့ဟာ သွေးလည်ပတ်မှုအားကောင်းစေပြီး အသားအရေကိုကြည်လင်စေရုံမက စိတ်ဖိစီးမှုပါ လျော့ချပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးစိုနေတဲ့မျက်နှာကို သစ်ပေးဖို့လဲ မမေ့ပါနဲ့နော်။

၆။Skin Care သုံးပါ

ဘယ်လိုအသားအရေ အမျိုးအစားကိုပိုင်ဆိုင်ထားသူပဲဖြစ်စေ အရေပြားကျန်းမာရေးနဲ့ အရေးအကြောင်းလျော့နည်းစေဖို့ Daily Moisturizer အမြဲသုံးသင့်ပါတယ်။

၇။ ရေများများသောက်ပါ

ရေသောက်ခြင်းဟာ အပြင်က အသားအရေကို ကိုယ်တွင်းက ကုသပေးသလိုပါပဲ။ အသားအရေနူးညံ့စေတဲ့အပြင် ရေဓာတ်ဖြည့်ပေးလို့ ခြောက်သွေ့ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပါတယ်။ ရေဓာတ်ပြည့်၀တဲ့အစားအစာစားပြီး ရေများများသောက်ခြင်းဟာမျက်ကွင်းညိုခြင်းနဲ့ ၀က်ခြံထွက်ခြင်းကိုလဲ သက်သာပျောက်ကင်းစေပါတယ်။

၈။နေမလာင်ပါစေနှင့်

ပူပြင်းတဲ့နေရောင်ခြည်ဟာ အသားအရေကို လွန်စွာပျက်စီးစေပါတယ်။ အသားအရေကိုခြောက်သွေ့စေသည့်အပြင် အမည်းစက်နှင့် အရေးအကြောင်းများပါ ဖြစ်ပေါ်စေပါသည်။ နေပူထဲသွားဖို့ရှိခဲ့ရင် နေရောင်ခြည်ဒဏ်ကာကွယ်ဖို့ ထီးဆာင်းပြီး Sun Cream လိမ်းပြီးမှ အပြင်ထွက်သင့်ပါတယ်။

၉။မှန်ကန်တဲ့ Cosmetic သုံးပါ

Cosmetic တစ်ခုခု၀ယ်မယ်လုပ်တိုင်း ပါ၀င်အသုံးပြုထားတဲ့ Ingredient တွေကို သေချာစွာ ဖတ်ရှုပြီးမှ ၀ယ်ပါ…ကိုယ်နဲ့ဓာတ်မတည့်တဲ့ Chemical တစ်ခုခုပါခဲ့ရင်အသားအရေထိခိုက်စေပါတယ်။

လူတိုင်းကတော့ အသားအရေထိန်းသိမ်းပုံချင်းတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ စိတ်ဖိစီးမှုတွေ လျော့ချဖို့ ညနေခင်းအပြေးလေ့ကျင့်ခန်းလုပ်တဲ့သူရှိသလို..နေ့တစ်နေ့ကို Green Tea သောက်ပြီး Yoga လေ့ကျင့်ခန်းနဲ့ စတဲ့သူတွေလဲရှိမှာပါ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်၊ စနစ်တကျစားသောက်ပြီးမျှမျှတတနေထိုင်ခြင်းဟာ အသားအရေကျန်းမာရေးတွက် ရေရှည်ကောင်းမွန်မှာဖြစ်ပါတယ်။

သူငယ်ချင်းတွေအတွက် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….<3 sharing is caring <3

(sallybskinyummies-com မှ Artical အား Your Fitster Teamမှ ဆီလျော်အောင်ဘာသာပြန်သည်)

 

သက်ဆိုင်သော ဆောင်းပါးများ

သက်ဆိုင်သော ဆောင်းပါးများ
Gym ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ
တစ်ပတ်မှာ ဘယ်နှစ်ကြိမ် ခေါင်းလျှော်သင့်သလဲ?
အသက် (၄၀) အရွယ်မှာ (၁၀)နှစ်လောက်ပိုငယ်အောင် ဘယ်လိုနေထိုင်ရမလဲ?
ခြောက်သွေ.တဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပစေဖို့ အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်ကြမယ်
မိန်းခလေးတွေရဲ့ ဘယ်လိုဆံပင်အရောင်က ယောကျာၤးလေးတွေအတွက် ပိုပြီးစွဲဆောင်မှုရှိစေသလဲ?
မခေါ်ဘဲ ရောက်ရောက်လာတတ်တဲ့ ဝက်ခြံ