- ဆောင်းပါးများ
- Cellulite (ဆယ်လူလိုက်)နှင့် ပတ်သက်ပြီးသင်သိသင့်သည့် အချက်များ
Cellulite (ဆယ်လူလိုက်)နှင့် ပတ်သက်ပြီးသင်သိသင့်သည့် အချက်များ
Cellulite (ဆယ်လူလိုက်)နှင့် ပတ်သက်ပြီးသင်သိသင့်သည့် အချက်များ
Cellulite ဆိုတာဘာလဲ
Cellulite ဆိုတာ အရေပြားအောက်မှာရှိတဲ့ ကော်လာဂျင်ဖိုင်ဘာမျှင်များအောက်မှ ချောင်ပိတ်မိနေတဲ့ အဆီခဲလေးတွေ ကွဲပြန့်ပြီး အဖုအထစ်အဖြေစ် ပေါ်လာတာဖြစ်ပါတယ်။ ကော်လာဂျင် ကြိုးမျှင်များမရှိတဲ့ နေရာတွေမှာ ဒီ Cellulite တွေဟာ နေရာအနှံအပြား ဖြန့်ထွက်နိုင်ကြပါတယ်။ အဖုအချိုင့်အထစ်လိုမျိုး ပုံစံတွေနဲ့ပေါ့။
Cellulite ဟာအမျိုးသမီး ကြီးကြီးငယ်ငယ် အသက်အရွယ်နဲ့ မဆိုင်ဘဲ အရေပြားပေါ်မှာ အနည်းနဲ့ အများရှိတတ်ကြပါတယ်။ အထူးသဖြင့် တင်ပါး၊ ပေါင်၊ ခြေသလုံးတို့မှာ ဖြစ်လေ့ရှိပြီး Cellulite ကို ခန္ဓာကိုယ်ပေါ်မှာ ဘယ်လောက်ထိမလိုချင်လဲဆို ပြောစရာစကား မရှိတော့လောက်အောင်ပါပဲ။ အမျိုးသမီးတွေ မလိုချင်တဲ့ပုလိပ်ရောဂါလို အရေပြားအောက်က မု န်းစရာ အကောင်တစ်ကောင်လိုပါဘဲ။ ဘစ်ကနီ ဝတ်ချင်စိတ်ပျောက်လောက်အောင် ဒုက္ခ အမြဲပေးတဲ့ Cellulite တွေကို မိန်းခလေးတိုင်း မလိုလားကြပါဘူး။
Cellulite နဲ့ပါတ်သက်ပြီး သင်မသိသေးတဲ့ အချက်လေးတွေလဲရှိပါတယ်။
၁။ အမျိုးသား နဲ့ Cellulite
မတရားတာက ဒီနေရာမှာ စတာပါပဲ 😛 ယောကျာ်းလေးတွေရဲ့ Cellulite တွေဟာ မိန်းခလေးတွေလို မဟုတ်ပါဘူး။ ထင်ထင်ရှားရှား မရှိကြပါဘူး။ ဘာလို့လဲ? ယောကျ်ားတွေရဲ့ ကော်လာဂျင်ကြိုးတည်ဆောက်ပုံက ကြက်ခြေခတ်X ပုံစံပါ။ ဒါပေမယ့် မိန်းခလေးတွေရဲ့ ကော်လာဂျင်ကြိုး ပုံစံကတော့ တိုင်ထောင်ထားသလို ပက်တမ် အနေအထားနဲ့ ရှိတတ်ပါတယ်။ မိန်းခလေးတွေမှာ ကော်လာဂျင်မျှင်လေးတွေ ပေါက်ကွဲပြတ်တောက်တဲ့အခါ တိုင်လေးများသဖွယ်ဖြစ်နေတဲ့ Cellulite အဆီခဲတွေဟာ မြင်လို့မကောင်းအောင် ပေါ်လာနိုင်တာပါ။ ယောကျာ်းလေးတွေမှာတော့ အလားတူအဖြစ်မျိုးဖြစ်တဲ့အခါ အဆီခဲလေးတွေက X ပုံသဏ္ဍန်ဖြစ်တာကြောင့် သိပ်ပြီး မြင်ရလေ့မရှိပါဘူး။
”ဝ” ခြင်းနှင့် Cellulite ဖြစ်ပေါ်ခြင်း
”ဝ” တာနဲ့ Cellulite ဖြစ်ပေါ်ခြင်းဟာ နည်းနည်းတော့ စပ်ဆက်သလိုရှိပေမယ့် တူတော့မတူပါဘူး။ Cellulite ကအတုံးခဲသေးသေးနဲ့ အဖုအထစ်ချိုင့်လေးတွေဖြစ်ပြီး အရေပြားပေါ်မှာ မြင်နိုင်ပါတယ်။ ၀ စေတဲ့အဆီခဲတွေကတော့ အဖု အချိုင့်ပုံစံသေးသေးချင်းစီ အိပ်ကပ်သဏ္ဍန်နဲ့ အရေပြားအောက်မှာ ရှိနေတာပါ။
ဝိတ်ကျခြင်း နဲ့ Cellulite နည်းပါးလာခြင်း
ဝိတ်ကျတဲ့အခါ Cellulite တွေနည်းပါးသွားတတ်ပေမယ့် ဝိတ်ကျလို့ Cellulite လုံးဝပျောက်ကင်းသွားတာမျိုးတော့မဟုတ်ပါဘူး။ ဝိတ်တက်လာတဲ့ အခါ Cellulite တွေပိုများလာတာကို နည်းနည်းဝေးဝေးကတောင် မြင်နိုင်ပေမယ့် ပေါင်အနည်းငယ်ကျသွားရုံနဲ့ Cellulite တွေလျော့သွားတာမျိုးတော့ မဟုတ်ပါဘူး။ Cellulite တွေဟာ မျိုးရိုး၊ ဟော်မုန်းမညီမျှခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ပေါင်နည်းနည်းကျသွားတာဟာ Cellulite တွေကို ဖုံးကွယ်ပေးပေမယ့် ပျောက်ကင်းတဲ့ထိတော့ မဟုတ်ပါဘူး။
နေရောင်ခြည် နဲ့ Cellulite
Cellulite ရှိတဲ့ နေရာတွေကို နေရောင်ခြည်မှကာကွယ်ပေးတဲ့ ခရမ်လိမ်းတာမျိုး (သို့) စပရေးဖြန်းတာမျိုး လုပ်ပေးသင့်ပါတယ်။ နေရောင်ခြည်ဟာ ကော်လာဂျင်ကြိုးမျှင်လေးတွေကို ဖျက်စီး တတ်ပါတယ်။ ကော်လာဂျင် ပျက်စီးတာနဲ့ အရေပြားမှာCellulite တွေကို မြင်ရတော့မှာပါ။ အသားအရေ ခြောက်သွေ.ကြမ်းတမ်းခြင်း၊ ပျက်စီးခြင်မှ ကာကွယ်ဖို့ SPF ပါတဲ့ နေကာခရမ် တမျိုးမျိုးလိမ်းပြီးမှ အပြင်ထွက်သင့်ပါတယ်။
အလှကုန်ကောင်တာမှာ ရနိုင်တဲ့ ခရင်မ်
ကောင်တာက ခရင်မ် တချို.ဟာ အချို.သူတွေအတွက် အလုပ်ဖြစ်တတ်ပါတယ်။ ကောင်တာမှာဝယ်မယ်ဆိုရင်တော့ Caffeine ခရင်မ် နဲ့ Retinol ခရင်မ်ဆိုပြီး (၂မျိုး) သုံးသင့်ပါတယ်။ Retional ဆိုတာ Vitamin-A ပါဝင်ပြီး အရေးအကြောင်းနဲ့ အမဲစက်တွေကိုဖုံးကွယ်ပေးတဲ့ ခရင်မ် တမျိုုးပါ။ Caffeine ခရင်မ်ကတော့ မျက်လုံးတဝိုက် မျက်အိတ်ဖောင်းတာမျိုးကိုသက်သာစေတဲ့ ခရင်မ်တစ်မျိုးပါ။ Retinol ခရင်မ်ကို ဦးစွာလိမ်းခြင်းဖြင့် အရေပြားအောက်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်ကောင်းလာစေပြီး Caffeine Cream ကို ထပ်လိမ်းပေးခြင်းဖြင့် မျက်ကွင်းညိုခြင်း နှင့် မျက်အိတ်ဖောင်းခြင်းတို့မှ သက်သာစေပါသည်။
(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
အလှအပနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3
သက်ဆိုင်သော ဆောင်းပါးများ




































































